ထောက်ပံ့မှုများ
ကျောင်းဝတ်စုံအခမဲ့ ပေးခြင်း

စာသင်ချိန်ဝတ်စုံ
(က) အင်္ကျီဖြူ(သတ်မှတ်ပုံစံ၊ တံဆိပ်အပြည့်အစုံ)
(ခ) ကျောင်းစိမ်းလုံချည်
(ဂ) ဖိနပ်
(၁) ကျား-သားရေဖိနပ်
(၂) မ-ဖိနပ်အပါးအဖြူ
(ဃ) တိုက်ပုံအဖြူရောင်(ကျောင်းသား)
(င) ဆံပင်ထုံးဖွဲ့မှု
(၁) ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် ကျောင်းသူများကျစ်ဆံ မြီးကျစ်ရမည်။
(၂) စတုတ္ထနှစ်၊ ပဉ္မမနှစ် ကျောင်းသူများနှင့် လုပ်ငန်းခွင် သင်တန်းသူများ ဆံထုံးထုံးရမည်။
စစ်သင်တန်းချိန်ဝတ်စုံ
(က) စစ်ရေးပြ
(၁) စစ်အင်္ကျီအစိမ်း(လက်မောင်းတံဆိပ်ပါ)
(၂) စစ်ဘောင်းဘီ
(၃) လျှာထိုးဦးထုပ်
(၄) ခါးပတ်
(၅) တိုက်ခိုက်ရေးဖိနပ်
(ခ) လက်နက်ငယ်နှင့်ဗျူဟာ
(၁) စစ်အင်္ကျီအစိမ်း(လက်မောင်းတံဆိပ်ပါ)
(၂) စစ်ဘောင်းဘီ
(၃) တောဆောင်းဦးထုပ်
(၄) ခါးပတ်
(၅) တောစီးဖိနပ်
လက်တွေ့ချိန်ဝတ်စုံ
(က) နက်ပြာအင်္ကျီလက်တို(တံဆိပ်အပြည့်အစုံ)
(ခ) နက်ပြာဘောင်းဘီရှည်
(ဂ) ဦးထုပ်
(ဃ) ခါးပတ်
ထမင်းစားချိန်ဝတ်စုံ
(က) နံနက်စာ – သင့်လျော်သည့် အဝတ်အစား
(ခ) နေ့လယ်စာ – စာသင်ခန်းဝတ်စုံ (ကျောင်းပိတ်ရက်မှအပ)
(ဂ) ညစာ – သင့်လျော်သည့် အဝတ်အစား
(ဃ) သတ်မှတ်အဝတ်အစားကို သပ်ရပ်စွာ ဝတ်ဆင်ရမည်။
စာကြည့်ချိန်ဝတ်စုံ။သင့်လျော်သည့် ဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ရမည်။ (လက်ပြတ်အင်္ကျီ၊ ဘောင်းဘီတို ၀တ်ဆင်ခွင့် မပြု)
အပြင်ထွက်ချိန်ဝတ်စုံ။ ကျောင်းသား၊ ကျောင်းသူများသည် ပြင်ပထွက်ခွာရာတွင် သတ်မှတ်ဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်၍ ထွက်ခွာရမည်။ ကျောင်းသားများသည် ရှပ်အင်္ကျီ ဝတ်ဆင်ရမည်။
အဆောင်တွင်းဝတ်စားဆင်ယင်မှု။ ကျောင်းသူများသည် အိပ်ဆောင်၌ နေထိုင်စဉ် လုံခြုံမှုရှိမည့် အဝတ်အစားကိုသာ ဝတ်ဆင်ရမည်၊ ဘောင်းဘီတို၊ စကပ်တို၊ လည်ဟိုက် စွပ်ကျယ်များ ဝတ်ဆင်ခြင်းမပြုရ။
တက္ကသိုလ်တံဆိပ်၊ ရင်ထိုးတပ်ဆင်ခြင်း။ စာသင်ချိန်နှင့် ပြင်ပထွက်ခွာရာတွင် တက္ကသိုလ်တံဆိပ်နှင့် အမည်ရင်ထိုးကို ဘယ်ဘက်ရင်ဘတ် အင်္ကျီပေါ်တွင် သပ်ရပ်စွာ ချိတ်ထားရမည်။ အခြား မည်သည့်တံဆိပ် အမှတ်အသားမှ တပ်ဆင်ခွင့်မပြု။ ကျောင်းသားကဒ် လည်ဆွဲ ဆွဲရမည်။
အခမဲ့ အိပ်ဆောင်များ ပေးခြင်း



အခမဲ့ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများပေးခြင်း



အခမဲ့ အဆောင်များ ပေးခြင်း
Sabei Hostel

Ingyinn Hostel

Kantkaw Hostel

Khayae Hostel

MoeKaung Hostel

- Free Tuition/ Stationaries
- Monthly Stipend
- Travelling Allowance
