သင်တန်းဖွင့်ပွဲနှင့်မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပ



နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း များ၏ သင်တန်းဖွင့်ပွဲ အခမ်းအနားနှင့် ပညာရေးဘွဲ့သင်တန်း အမှတ်စဉ်(၁၁)သို့ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ၂၃-၁၁-၂၀၂၃ ရက်နေ့ ၀၉၀၀ နာရီအချိန်တွင် ဘွဲ့နှင်းခန်းမ၌ ကျင်းပခဲ့ရာ ပါမောက္ခချုပ်က သင်တန်းဖွင့်ပွဲ မိန့်ခွန်းမြွက်ကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက အဆိုအကများဖြင့် ကပြဖျော်ဖြေ တင်ဆက်ပြီး နွေးထွေးစွာကြိုဆိုခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးများ၊ ဌာနခွဲမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၃၆၁ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
သတင်းစဉ်
