ဗလငါးတန်ဖွံ့ဖြိုးရေးစကားဝိုင်းဆွေးနွေးပွဲနှင့် ပြိုင်ပွဲများကျင်းပ



နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပညာရေးဘွဲ့ ၅ နှစ်သင်တန်းတွင် တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများတွင် အသိပညာဗဟုသုတ ရရှိစေရန်အတွက် ၁၃-၁၁-၂၀၂၃ ရက်နေ့တွင် “လူငယ်နှင့် စာပေ” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲအားလည်းကောင်း၊ ၁၅-၁၁-၂၀၂၃ ရက်နေ့မှ ၁၇-၁၁-၂၀၂၃ ရက်နေ့အထိ အထွေထွေဗဟုသုတ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲအားလည်းကောင်း၊ ၂၀-၁၁-၂၀၂၃ ရက်နေ့တွင် အင်္ဂလိပ်စာ စကားရည်လုပြိုင်ပွဲအားလည်းကောင်း၊ ၂၁-၁၁-၂၀၂၃ ရက်နေ့တွင် မြန်မာစာ စကားရည်လုပြိုင်ပွဲအားလည်းကောင်း ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနား သို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးများ၊ ဌာနခွဲမှူးများ၊ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၄၃၉ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
သတင်းစဉ်
