(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာပေဟောပြောပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများ ကျင်းပ


နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) တွင်(၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် ကျပန်းစကားပြော ပြိိုင်ပွဲများကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်လည်းကောင်း၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများကို ဒီဇင်ဘာလ ၂၃ ရက်နေ့တွင်လည်းကောင်း တက္ကသိုလ်ဘွဲ့နှင်းခန်းမ၌ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားများသို့ ပါမောက္ခချုပ်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၄၀၈ ဦး တက်ရောက်ခဲ့ပြီး ဆုရရှိသူများအား ပါမောက္ခချုပ်မှ ဆုများ ချီးမြှင့်ခဲ့ကြောင်းသိရသည်။
သတင်းစဉ်
